Learning Elastix
This is a live document and constantly under revision. version 1.0
Table of Contents
5. Troubleshooting
1. Are you experiencing severe weather at the site?
2. What type of phone do you have? (Analog phone will not have MAC address)
3. What are the last 4 characters of the MAC address of the phone?
4. How are you dialing? Dial Pattern/String?
5. What is the exact number you are dialing or the number of the phone calling you?
6. What is the phone number on the line you are calling/receiving from?
7. Please describe the voice quality in detail.
a. Is it choppy?
b. Is there echo?
c. Hissing?
d. Static?
8. If echo does it happen with the speakerphone and the handset?
9. In which direction is the poor voice quality heard? (inbound or outbound)
10. Do you hear poor quality (echo, choppiness, etc.) or does the remote phone, or both?
11. Is this happening from one phone or all phones that you know of?
12. When was the last time you were able to call this number successfully without problems?
13. Has anything changed that you know of since then?
14. Does this problem happen every time you call this number or intermittently?
15. Does it only seem to happen when calling certain countries or area codes?
16. Can you make calls to other numbers with good quality?
17. Does it seem to happen during a certain time of the day?
Can you answer some of the questions below? I will start looking into the issue while I await your reply.
1. Are you experiencing severe weather at the site?
2. What type of phone do you have? (Analog phone will not have MAC address)
3. What are the last 4 characters of the MAC address of the phone?
4. How are you dialing? Dial Pattern/String?
5. What is the exact number you are dialing or the number of the phone calling you?
6. What is the phone number on the line you are calling/receiving from?
7. Please describe the voice quality in detail.
a. Is it choppy?
b. Is there echo?
c. Hissing?
d. Static?
8. If echo does it happen with the speakerphone and the handset?
9. In which direction is the poor voice quality heard? (inbound or outbound)
10. Do you hear poor quality (echo, choppiness, etc.) or does the remote phone, or both?
11. Is this happening from one phone or all phones that you know of?
12. When was the last time you were able to call this number successfully without problems?
13. Has anything changed that you know of since then?
14. Does this problem happen every time you call this number or intermittently?
15. Does it only seem to happen when calling certain countries or area codes?
16. Can you make calls to other numbers with good quality?
17. Does it seem to happen during a certain time of the day?
1. INTRODUCTION
ကွန်ပျူတာပညာရှင် တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ၄ နှစ်ခွဲ ကာလ ကြာမြင့်ချိန် ပထမဦးဆုံး ရေးသားသော စာအုပ်ဖြစ်ပါတယ်။
ဒီပညာရပ်ကို အကုန်တတ်မြောက်ကျွမ်းကျင်လို့ရေးတာမဟုတ်ဘူးဆိုတာ ကိုတော့ ရိုးသားစွာဝင်ခံပါတယ်။
လက်ရှိလေ့လာထားတာ လေးတွေကို လည်း Review လုပ်ဖြစ်အောင်၊ အိုင်တီကို လေ့လာ သင်ယူနေတဲ့ ညီအကိုမောင်နှမ အားလုံးကို လည်း ဝေမျှရင်း Elastix Training စာအုပ် တစ်အုပ်လဲ သီးသန့် ပြုစုချင် တာကြောင့် ဒီစာအုပ်လေးကိုစတင် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်ရှုရင်းနဲ့ မှားတာ၊ လိုအပ်တာ ဒါမှမဟုတ် ပိုကောင်း တာလေးတွေ ရှိရင်လည်း ၀ိုင်းဝန်းကူညီဖြည့်စွက်ပေးဖို့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုပါတယ်။
ဒီ Telephony Project က စာရေးသူ လက်ရှိ လုပ်နေဆဲ Project တစ်ခုလဲ ဖြစ်ပါတယ်
လုပ်နေဆဲ လို့ ဆိုလိုတာက Major Application တွေကတော့အားလုံး ပြီးလို့ Production Server မှာတောင် Run နေပါပြီ။ Fine Tuning နဲ့ တခြားလိုအပ်တဲ့ component တွေ ကိုတော့ Company လိုအပ်ချက် အတိုင်း ထပ်မံ ဖြည့်စွက်နေရတဲ့ ကာလဖြစ်ပါတယ်။
အကြောင်းအရာတွေကိုတော့ အခုမှစလေ့လာတဲ့ သူတွေလဲ လွယ်ကူအောင်၊ သိပြီးသားသူတွေလဲ မှီငြှမ်းလို့ရအောင် တဆင့်ခြင်း ဖြည်းဖြည်းစီ ရေးသားသွား ပါမယ်။
ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေတော်တော်များများကို Elastix website မှထုတ်နှုတ် ကူးယူ သုံးစွဲထားပါတယ်။
စာဖတ်သူအနေနဲ့ ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်ရင်တော့ အောက်ပါ Link တွင် download ဆွဲယူ ဖတ်ရှုနိုင်ပါကြောင်း..
စာဖတ်သူအနေနဲ့ ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်ရင်တော့ အောက်ပါ Link တွင် download ဆွဲယူ ဖတ်ရှုနိုင်ပါကြောင်း..
1.1 Elastix Overview
Elastix ဆိုတာကတော့ Open Source Unified Communication Product တစ်ခု ဖြစ်ပါတယ်။
Elastix ရဲ့ ပန်းတိုင်က Enterprise level မှာ အသုံးပြုနေတဲ့ မျိုးဆုံသော ဆက်သွယ်ရေးနည်းလမ်း တွေကို တစုတစည်းတည်း ပေါင်းစပ်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။
Elastix Project ကိုပထမဦးဆုံး Astersik Call Report Interface အဖြစ် မေလ ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Project ကို Asterisk Based Distro အဖြစ် တဆင့်ပြီး တဆင့် ပြောင်းလဲခဲ့ပါတယ်။
Telephony ဆိုတာ လွန်ခဲ့တဲ့ ဆယ်ဆုနှစ်များစွာထဲက လူသားတွေနေ့စဉ်သုံးစွဲ ခဲ့တဲ့ ဆက်သွယ်ရေး စနစ်တခုဖြစ်ပါတယ်။ နည်းပညာမြင့်မားလာတာနဲ့အမျှဆက်သွယ်ရေးစနစ်တွေဟာ ပိုမိုကျယ်ပြန့် များပြားလာပါတယ်။
ကုမ္ပဏီတွေနဲ့ အသုံးပြုသူတွေဟာ မိမိတို့ရဲ့ ဆက်သွယ်ရေးစနစ်တွေကို ပိုမိုကာင်းမွန်အောင် အလေးထား လုပ်ဆောင်လာကြရင်းနဲ့ ပုံမှန်သုံးနေကျ Telephone Exchange System နဲ့ အခြား Unified Communication System တွေကြားမှာ ဒွဟတွေ ရှုပ်ထွေးမှုတွေ ဖြစ်လာပါတယ်။
Elastix ရဲ့ ပန်းတိုင်က Enterprise level မှာ အသုံးပြုနေတဲ့ မျိုးဆုံသော ဆက်သွယ်ရေးနည်းလမ်း တွေကို တစုတစည်းတည်း ပေါင်းစပ်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။
Elastix Project ကိုပထမဦးဆုံး Astersik Call Report Interface အဖြစ် မေလ ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Project ကို Asterisk Based Distro အဖြစ် တဆင့်ပြီး တဆင့် ပြောင်းလဲခဲ့ပါတယ်။
Telephony ဆိုတာ လွန်ခဲ့တဲ့ ဆယ်ဆုနှစ်များစွာထဲက လူသားတွေနေ့စဉ်သုံးစွဲ ခဲ့တဲ့ ဆက်သွယ်ရေး စနစ်တခုဖြစ်ပါတယ်။ နည်းပညာမြင့်မားလာတာနဲ့အမျှဆက်သွယ်ရေးစနစ်တွေဟာ ပိုမိုကျယ်ပြန့် များပြားလာပါတယ်။
ကုမ္ပဏီတွေနဲ့ အသုံးပြုသူတွေဟာ မိမိတို့ရဲ့ ဆက်သွယ်ရေးစနစ်တွေကို ပိုမိုကာင်းမွန်အောင် အလေးထား လုပ်ဆောင်လာကြရင်းနဲ့ ပုံမှန်သုံးနေကျ Telephone Exchange System နဲ့ အခြား Unified Communication System တွေကြားမှာ ဒွဟတွေ ရှုပ်ထွေးမှုတွေ ဖြစ်လာပါတယ်။
ဒီလိုမျိုးပြသနာတွေကိုလွယ်ကူအဆင်ပြေစေဖို့ စရိတ်အသက်သာဆုံးနဲ့ အကောင်းဆုံး System တစ်ခုကတော့ Elastix ပဲဖြစ်ပါတယ်။ Elastix မှာ telephony system တစ်ခုရဲ့လုပ်ငန်းဆောင်တာ တွေအပြင် အောက်ဖော်ပြပါ ပုံမှာပါဝင်တဲ့အတိုင်း အခြေားသော ဆက်သွယ်ရေး စနစ်တွေကို ပါ တစ်စုတစ်စည်း တဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
အခြေခံ လုပ်ငန်းဆောင်တာတွေအနေနဲ့ -
- IP Telephony
- Mail Server
- Fax Server
- Conferences
- Instant Messaging Server
- Billing and Consumption Report
- တွေအပြင် အခြား additional features, functionality and Services တွေကိုလည်း ထပ်မံ ဖြည့်စွက်သုံးစွဲနိုင်ပါတယ်။
ဒါ့အပြင် အခြေခံ Linux ရဲ့ Feature တွေဖြစ်တဲ့ OpenVPN, FTP စတဲ့ Feature တွေပါလိုအပ်သလို သုံးနိုင်ပါတယ်။
ကဲ အထက်ဖော်ပြပါ Service အားလုံးကို လေ့လာချင်တယ်။ စမ်းကြည့်မယ်။
အာလုံးကြိုက်တယ်ဗျာ။ ၀ယ်မယ် ဘယ်လောက်ကျလဲ?
ဟုတ်ကဲ့ လက်ရှိ စာရေးသူအလုပ်လုပ်နေတဲ့ company မှာ production မှာ Run နေတဲ့ အဆင့်အထိ Software ဖိုးက တော့ Absolutely Zero ပါ။
ကျွန်တော် Elastix ကိုလေ့လာဖို့ တိုက်တွန်းချင်တာကလည်း အဲဒီအချက်က အဓိကကျပါတယ်။
ခုမှ စပြီးတည်ထောင်ရမဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ခုလို ပြည့်စုံတဲ့ High end Level Application တစ်ခု သုံးဖို့ဆိုတာ တော်ရုံတန်ရုံ Company လေးတွေအတွက်က အလှမ်းဝေးနေဆဲပါ။
ခုဆို ဆက်သွယ်ရေး ကုမ္ပဏီတွေ လည်းအပြိုင်အဆိုင် ၀င်လာကြပြီဆိုတော့ Telephone ဆိုတာ မြန်မာ့ဆက်သွယ်ရေးကနေငှား၊ နံပါတ်နှိပ်၊ ဆက်လို့ရရင်ပြီးပြီဆိုတဲ့ အခြေအနေတွေကနေ
VoIP တို့ FoIP ဆိုတာတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ အနှေးနဲ့ အမြန် ဖြစ်လာတော့မှာပါ။ စာရေးသူအနေနဲ့ သေချာပေါက် ပြောနိုင်တာ တစ်ခုကတော့ IP Telephony technology ဟာခုချိန်မှာ လေ့လာဖို့သင့်တော်တဲ့ ဘာသာရပ်တစ်ခုဆိုတာ မြေကြီးလက်ခက်မလွဲဘူး ဆိုတာပါပဲ။
ဒီစာအုပ်ကို ရေးသားနေစဉ်မှာပဲ AsterConferenceAsia 2014 ကို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပမဲ့ အကြောင်း Digium က Email လက်ခံရရှိလို့ ပိုပြီး အားတက် သွားပါတယ်။ ချက်ခြင်း Phone ဆက် email တွေ ပို့ပြီး စုံစမ်းကြည့်တော့ ရန်ကုန် က ဆရာလည်းဆရာ၊ သူငယ်ချင်းလဲဖြစ်တဲ့ ဆရာ ဦးအောင်မျိုး (Netpro Myanmar Co., Ltd) က သူနဲ့တူတူတက်ဖို့ Register လုပ်ပေးတာနဲ့ လေယာဉ်လက်မှတ်စီစဉ်၊ သွားဖို့ချက်ခြင်း ပြင်ဆင်တော့တာပါပဲ။ အရမ်းလည်းဝမ်းသာတယ်ဗျာ။
Conference မှာ IPPBX နည်းပညာရပ်ဝန်းထဲက ဂုရုကြီးတွေ၊ လက်ရှိ Market မှာ အောင်မြင်ကျော်ကြားနေတဲ့ ကုမ္ပဏီတွေရဲ့ Products ပါဝင်ခင်ကျင်းပြသဟောပြောဆွေးနွေး ကြမှာ ဆိုတော့ စာရေးသူအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဖွယ်အခွင့်အရေးကြီးပါပဲ။Conference မှာ ရမဲ့အတွေ့အကြုံတွေကိုလည်း ဒီစာအုပ် ထဲမှာ အခန်းတခန်းအနေနဲ့ ရေးသားပေး ပါ့မယ်။
ကဲဒီလောက်ဆိုရင်တော့ Elastix အကြောင်းလဲ တီးမိခေါက်မိလောက်ပြီလို့ယူဆပါတယ်။ ဆက်လက်ပြီး Installation တွေကို တူတူလေ့လာကြတာပေါ့။
1.2 What is Elastix?
Elastix ဆိုတာကတော့ “best of breed” သူနဲ့ အုပ်စုတူ ထုတ်ကုန်တွေထဲမှာ အကောင်းဆုံးလို့ ညွှန်းဆိုထားတဲ့ Open Source Products and Tools တွေကို တစုတစည်းထဲ ပေါင်းစပ် ထုတ်လုပ် ထားသော IP PBX System တစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ စနစ်ကြီးတစ်ခုလုံးကို သေသေချာချာ setup လုပ်နိုင်မယ်။ ထိန်းကျောင်းနိုင်မယ် ဆိုရင်ဖြင့်
အခြား Commercial Product တွေအားလုံးနဲ့ ကောင်းကောင်းကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။
Elastix ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိချင်ရင်တော့ သူ့ကို အခြေခံ PBX စနစ်တစ်ခုသာမဟုတ်ပဲ သူ့နဲ့တပါးတည်းပါလာတဲ့ အောက်ဖော်ပြပါ components တွေ အားလုံးနဲ့ တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။
Elastix ရဲ့အဓိကအစိတ်အပိုင်းတွေကတော့
- Asterisk (currently v1.6), the core PBX (Made by Digium)
- vTigerCRM® and SugarCRM®, CRM systems
- A2Billing® – Calling Card platform and billing application for Asterisk
- Flash Operator Panel, a screen-based operator’s console
- Hylafax® a software based FAX System
- Openfire® - Jabber Compliant Server for Instant messaging, presence management, SIP Phone
- Conferencing control application
- freePBX® (embedded and standalone) a web User Interface tool for Elastix
- A report system – the part of Elastic (and freePBX) that provides CDR reporting
- A Maintenance system, also part of Elastix, which provides low level interfaces
to some components and real time system information
- OSLEC - Software Based Echo Cancellation
- Postfix®, a well-known mail server
- Round Cube webmail – Webmail Interface
- CentOS®, a version of Linux related to a very well known Enterprise Linux (but without the branding and support)
အထက်ဖော်ပြပါ product တွေတခုချင်းဆီကို သီးခြာ ကုမ္ပဏီတွေ၊ သူတို့နဲ့သက်ဆိုင်တဲ့ ပိုင်ဆိုင်သူတွေကပဲ တခုချင်းစီ ထုတ်လုပ်ဖြန့်ဖြူးထားတာပါ။ ဒီ Software တွေထဲက အများစု ကိုတော့ SME ကုမ္ပဏီတွေမှာယနေ့အောင်မြင်စွာ အသုံးပြုနေကြကြောင်းတွေ့ရှိနိုင်ပါတယ်။
Elastix Developers တွေက အထက်ပါ products တွေကို Web Interface တစ်ခုဖန်တီးပြီး တစ်နေရာတည်းကနေ ထိန်းကျောင်းနိုင်ဖို့ Program ကိုရေးခဲ့ပါတယ်။ ဒါ့ကြောင့်လဲ Elastix ဟာ အားလုံး စုပေါင်းထားတဲ့ Product တစ်ခုတည်းအနေနဲ့ တွေ့မြင်ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာပါဝင် တဲ့ အချို့သော module တွေဖြစ်တဲ့ reporting, hardware detection, network configuration, software updats module, backup and restore module, user management စတာတွေကိုတော့ Elastix Developer တွေကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပါတယ်။
1.3 The IP PBX components
VoIP PBX Server တစ်လုံးကို အသုံးပြုဖို့ အဓိကလိုအပ်တဲ့အချက် (၄) ချက်ကတော့..
- Elastix, the Asterisk Powered IP PBX
- The phones (or Softphone )
- VoIP Gateway (ပြင်ပခေါ်ဆိုမှု တွေအတွက်ပါ။ ဒီအပိုင်းမှာတော့ ဆွေးနွေးဆရာတွေ အများကြီး ရှိတာမို့ လောလောဆယ် ဒီအတိုင်းသာ မှတ်ထားပေးပါ )
- A network with Internet access, a router and a switches
အကယ်၍ စာဖတ်သူ အနေနဲ့ ပြင်ပခေါ်ဆိုကို ပြုလုပ်ဖို့ရာ သမရိုးကျ Analog copper line သာ ရှိတယ်။
အင်တာနက်လည်းမရှိဘူးဆိုရင်တော့ PCI Analog Card ကိုအသုံးပြုပြီး ချိန်ဆက်နိုင်ပါတယ်။
အောက်မှာ Digium ကထုတ်တဲ့ Analog Card တွေနမူနာအနေနဲ့ ပြထားပါတယ်။ ဒီသင်ခန်းစာမှာတော့
Voice over Internet Protocol ကို ပဲအဓိက ထားပြီး ဖော်ပြပေးသွားပါ့မယ်။
1.3.1 THE IP PBX
IP PBX ကို RUN ဖို့ PC / Server တစ်လုံး သို့မဟုတ် Elastix Applicance တစ်လုံး လိုအပ်ပါတယ်။
ကိုယ့်မှာရှိပြီးသား PC ကိုပဲသုံးမယ်ဆိုရင် Small office အတွက်လောက်ကတော့ အောက်ဖော်ပြပါ PC Level လောက်ရှိရင်ကို လုံလောက်ပါတယ်။ ဒီ့ထက် ပိုမြင့်လေ ပိုကောင်းလေ ပေါ့.
- Pentium 4
- 2 GB RAM
- 10 GB HDD
- 100/1000 NIC
Router တွေ Switch တွေကတော့ ရုံးတိုင်းမှာ တပ်ဆင်ပြီးသားမို့လို့ မဖော်ပြတော့ပါဘူး။
ဒီစာအုပ်မှာတော့ VMWare player ကိုသုံးပြီးပဲ ဖော်ပြပေးသွားပါ့မယ်။ ဒါဆိုရင် Training အနေနဲ့ လေ့လာသူ တွေကော၊ Lab မှာ အရင်စမ်း ပြီးမှ Production မှာ သုံးမယ်ဆိုတဲ့သူတွေအတွက်ပါ အားလုံးအဆင်ပြေ မယ်လို့ ယူဆပါတယ်။ VM Ware Player တင်ပုံတင်နည်း သုံးပုံသုံးနည်းကို လည်း Step by Step ဖော်ပြပေးသွားပါ့မယ်။
1.3.2 PHONES
ဒီ Training ထဲမှာတော့ Yealink T46G ဖုန်းကို စံထားပြီး ပြောသွားပါ့မယ်။ ဒါပေမဲ့ တခြား SIP Support လုပ်တဲ့ မည့်သည့်ဖုန်းမဆို သုံးပြီးလဲ လေံလာလို့ရပါတယ်။ ဥပမာ - Grandstream, SNOM and Cisco etc.,
ဒါမှမဟုတ် Linkysys တို့ Netcom, Sipura တို့ကထုတ်တဲ့ ATA (Analog Telephone Adaptor) တဆင့်ခံပြီး သမရိုးကျ Analog Phone တွေနဲ့လဲ သုံးလို့ရပါတယ်။
အကယ်၍ ကို့မှာက စမ်းဖို့ VoIP Phone လဲမရှိ၊ ATA adaptor လဲမရှိဘူးဆိုလဲ ပြသနာမရှိပါဘူး။
Windows/Linux/Mac မှာ install လုပ်ပြီးသုံးလို့ရတဲ့ Soft Phone တွေ ရှိပါတယ်။ ဒီ Training မှာတော့ MicroSip, X-Lite, Zoiper စတဲ့ SoftPhone တွေကို ဥပမာအနေနဲ့ ပြောသွားပါမယ်။ ပိုပြီးရှင်းအောင်လို့ ပုံလေးတွေပါ ဖော်ပြပေးလိုက်ပါတယ်။
1.3.3 Voice GATEWAY
စာဖတ်သူမှာက IP PBX Server လဲ setup လုပ်ပြီးသွားပြီဗျာ။ ကိုယ့် ရုံးတွင်းမှာရှိတဲ့သူအချင်းချင်းလဲ ခေါ် လို့ရပြီ။ ကဲ အပြင်ကိုခေါ်ကြည့်တယ်။ ရလား။ ဘယ်ရမလဲ။ ကျွန်တော်တို့ မှာ အခြားသူတွေသုံးနေတဲ့ PSTN network လို့ခေါ်တဲ့ Circuit Switched ကိုမှ ချိတ်မထားတာ။
အဲဒီတော့ ကျွန်တော်တို့မှာ ပြင်ပခေါ်ဆိုမှုအတွက် ကြားခံချိတ်ဆက်ပေးမဲ့ Network လမ်းကြောင်းတစ်ခုခု တော့ လိုအပ်လာပြီ။
အဲဒီတော့ကျွန်တော်တို့လက်ရှိ အပြင်ကို ခေါ်ချင်ရင် ဘာသုံးလဲ။ မြန်မာနိုင်ငံ မှာတော့ ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက်က MPT ကချထားပေးတဲ့ ကြိုးဖုန်းတွေသုံးတယ်ဗျာ။ ဟုတ်တယ်မှတ်လား။
အဲဒီတော့ အဲဒါတွေပဲဆက်သုံးပြီး IP PBX Server ချိတ်ဆက်ချင်တယ်ဗျာ။ ရမလား။
ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော် အရှေ့မှာပြောခဲ့ပြီးပါပြီ။ Analog Card တွေလေ။ 4 port တို့ 8 port Analog converter card တွေ။ စာဖတ်သူရဲ့ ရုံးမှာက ကြိုးဖုန်းလိုင်း ၄ လိုင်းရှိတယ်ဆိုရင် တော့ 4 port Card ၀ယ်သုံးပေါ့။
Analog Card တွေသုံးပြီးချိတ်ဆက်နည်းကိုလည်းနောက်ပိုင်းအခန်းတွေမှာ ဆက်လက်ဖော်ပြသွားပါ့မယ်။ ခုလောလောဆယ်တော့ အခေါ်အဝေါ်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာတွေ လောက်သာ မှတ်ထားပါဦး။
အဲဒီတော့ Voice Gateway ကိုအကြမ်းမျဉ်းအားဖြင့် ၃ ပိုင်းခွဲမှတ်ထားရအောင်-
- SIP Gateway ( မြန်မာပြည်မှာ အဲဒီဝန်ဆောင်မှုစလျှောက်လို့ရနေပြီလို့ တော့ကြားတယ်။ များသောအားဖြင့်ကတော့ ကိုယ့် မှာရှိပြီးသား Internet လိုင်းကနေ Provider ကို ချိတ်ဆက်အသုံးပြုခြင်းပေါ့ဗျာ။
- ISDN PRI/BRI (ဒီနည်းလမ်းကတော့အသုံးအများဆုံးလို့ပြောလို့ရပါတယ်။ ဒီအကြောင်းလေးကို ပိုပြီး လေ့လာကြည့်ရအောင် ။
- Traditional PSTN line (ဟုတ်ကဲ့ ဒါကတော့ စာရေးသူတို့အချစ်တော်ကြီး MPT က လွန်ခဲ့တဲ့နှစ်ပေါင်း များစွာ ကတည်းက ၀န်ဆောင်မှုပေးပြီးသား Service ဆိုတော့ အကျယ်တ၀င့်မရှင်းပြတော့ပါဘူးဗျာ။
1.3.3.1 What is the different between BRI & PRI?
ISDN = Integrated Services for Digital Network ဆိုတာ သမရိုးကျ PSTN လိုင်းပေါ်ကနေ voice, video, data နှင့် အခြားသော network ၀န်ဆောင်မှုတွေကို Digital transmit လုပ်ပေးသော Standard ဆက်သွယ်မှု စနစ် တစ်ခုဖြစ်ပါတယ်။
BRI = Basi Rate Interface “ISDN” နည်းပညာပေါ်မှ ပထမဆုံးလို့ပြောလို့ရတဲ့ ဆက်သွယ်မှု နည်းစနစ်တစ်ခုပါ။ သမရိုးကျ telephone wires တစ်စုံပေါ်ကနေပြီး 144 kbs နှုန်းနဲ့ Data တွေကို ပို့ဆောင်နိုင်ပါတယ်။ 144 kbs ကိုမှ တစ်ခါ 2 x 64 kbit/s bearer channels ('B' channels) နှင့် one 16 kbit/s signalling channel ('D' channel) ဆိုပြီး နှစ်ပိုင်းထပ်ခွဲပြန်ပါတယ်. BRI ကို တစ်ခါတစ်လေ 2B+D ဆိုပြီးတော့လည်း ခေါ်ဆိုပါတယ်။ BRI-ISDN ကို ဥရောပ နိုင်ငံတွေမှာ အသုံးများပြီး အမေရိက မြောက်ပိုင်းဒေသတွေမှာတော့ အင်မတန်အသုံးနည်းပါတယ်။
PRI = Primary Rate Interface များသောအားဖြင့် E1 (2048 kbit/s) ပေါ်မှ ချိတ်ဆက်အသုံး ပြုပါတယ်။ အထူးသဖြင့် PSTN ကနေ PBX တွေကိုချိတ်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာ English လိုပဲတိုက်ရိုက် ကူးထည့်ပေးလိုက်ပါတယ်။
An E1 is 30 'B' channels of 64 kbit/s, one 'D' channel of 64 kbit/s and a timing and alarm channel of 64 kbit/s. In North America PRI service is delivered on one or more T1s (sometimes referred to as 23B+D) of 1544 kbit/s (24 channels). A T1 has 23 'B' channels and 1 'D' channel for signalling (Japan uses a circuit called a J1, which is similar to a T1).
In North America, NFAS allows two or more PRIs to be controlled by a single D channel, and is sometimes called '23B+D + n*24B'. D-channel backup allows you to have a second D channel in case the primary fails. One popular use of NFAS is on a T3.
PRI-ISDN is popular throughout the world, especially for connection of PSTN circuits to PBXs."
Even though many network professionals use the term 'ISDN' to refer to the lower-bandwidth BRI circuit, in North America by far the majority of ISDN services are in fact PRI circuits serving PBXs."
What is a PRI?
US မှာဆိုရင် T1 ဆိုတဲ့ ISDN-PRI ကို Standard အနေနဲ့သုံးပါတယ်။
T1 သို့ (23B+D) မှာစုစုပေါင်း 24 Channels ရှိပါတယ်။
-23 Voice Channels + 1 Delta Channel ဆိုပြီးခွဲထားပါတယ်။
Delta Channels က Setup Call, Take-Down Call, CID name and number information အတွက်ဖြစ်ပါတယ်။
International မှာတော့ E1 ISDN-PRI ဆိုပြီး အသုံးများပါတယ်။
E1 မှာကစုစုပေါင်း 31 channels ပါရှိပါတယ်။
-30 Voice Channels + 1 Delta Channel (Setup Call, Take-Down Call, CID name and number information အတွက်ဖြစ်ပါတယ်။)
ISDN-PRI အလုပ်လုပ်ပုံကို ပုံနဲ့တကွ နမူနာရှင်းပြထားပါတယ်
Advantages of PRI
- Cost ( ဖုန်းလိုင်းအများကြီးအတွက် တစ်လိုင်းချင်း အတွက်ကုန်ကျစရာမလိုပဲ ISDN Circuit Charge သာပေးရန်လိုခြင်း)
- Features
-DID (Direct Inward Dialing) User တစ်ယောက်ချင်းစီအတွက် ဖုန်းလိုင်းတစ်လိုင်းစီသတ်မှတ်ပေးခြင်း
-DOD (Direct Outward Dialing) Call Center တွေမှာသုံးပါတယ်။
-Caller ID ( Name and Number တွေကိုပါ ပေးပို့နိုင်ခြင်း)
-Call Hunting
-Asequential (1-23) Channel 1 မှ Channel 23 အထိ အစဉ်လိုက်ခေါ်ဆိုခြင်း
-Desequential (23-1) Channel 23 မှ Channel 1 အထိ အစဉ်လိုက်ခေါ်ဆိုခြင်း
Call Hunting ရဲ့အားသာချက်ကတော့ Call Center တွေမှာဆိုရင် ဖုန်းခေါ်ဆိုမှုတွေကိုလက်ခံပေးဖို့ User တစ်ဦးချင်းစီကို Priority သတ်မှတ်ပေးနိုင်ခြင်း
ကဲ။ နိဂုံးချုပ်အနေနဲ့ ဘာလို့ PRI ကိုသုံးရတာလဲ။ စောစောကပြောခဲ့သလိုပဲ သာမာန်အားဖြင့် ဆိုရင် ရုံးတွေမှာ အင်တာနက်အတွက်က ADSL တို့ ၊ iPstar ၊ WiMax စတဲ့ ၀န်ဆောင်မှုတွေနဲ့က သက်သက်လိုင်းတလိုင်း၊ တယ်လီဖုန်းအတွက်ကကျတော့ MPT က ဖုန်းလိုင်းတွေကသက်သက် ချိတ်ဆက်ရတဲ့အခါကျတော့ ကုန်ကျစရိတ်လည်းများတယ်။ ထိန်းသိမ်း စရိတ်လည်းပိုလာတယ်ပေါ့။
ISDN မှာဆိုရင် ပုံမှာပြထားတဲ့အတိုင်း Internet ရယ် Voice (Telephone) ရယ်ကို T1/E1 လိုင်းတစ်ခုတည်းကနေ Carry လုပ်နိုင်တဲ့အခါကျတော့ ကုန်ကျစားရိတ်လည်းသက်သာမယ်။ ပြုပြင်ထိန်းသိမ်းစားရိတ်လည်းသက်သာလာပြီပေါ့။
အဲဒါဆို ISDN လိုင်း Down ပြီဆို ဘာမှမရတော့ဘူး။ ဒီအတိုင်းသမရိုးကျနည်းကမှ Internet မရရင် တောင်ဖုန်းဆက်လို့ရသေးတယ်ဆိုပြီး ပြောချင်လား။ ဟုတ်ကဲ့၊ ISDN provider တွေက SLA ( Service Level Agreement ) ဆိုတဲ့ စံတစ်ခုနဲ့ Up Time ရယ် Call Quality ရယ်ကို အာမခံ ပေးပြီးဝန်ဆောင်မှုပေးကြပါတယ်။ ရေအောက် Cable ကြိုးပြတ်လို့ Internet Down တယ်တို့၊ မီးပြတ်လို့ Internet မရဘူးတို့ ဆိုတဲ့ ဆင်ခြေတွေကို မြန်မာနိုင်ငံကလွဲလို့ ဘယ်တိုင်းပြည်မှာမှ လက်ခံမယ်မထင်ပါဘူး။ Internet Down သွားလို့ ဖြစ်လာမဲ့ ဆိုးကျိုး တွေအတွက် တာဝန်ယူရမဲ့ စားရိတ်က Internet မပြတ်တောက်အောင် ကြိုတင်ကာကွယ်တဲ့ စနစ်ထက် အဆပေါင်းများစွာကုန်ကျနိုင်လို့ပါ။
ပုံထဲမှာ စိတ်ဝင်စားစရာတစ်ခုတွေ့လားမသိဘူး။ Voice traffic is prioritized over data traffic ဆိုတာလေးလေ။ ဟုတ်ကဲ့။ Voice and Data ကိုတွဲပြီး Transmit တဲ့ Communication စနစ်တိုင်း မှာ Voice ကို Highest Priority တနည်းအားဖြင့် (QoS) ထားပေးရပါတယ်။ ဒါမှလည်း ဟိုဘက်ဒီဘက် စကေားပြောတဲ့အခါ မှာ နှောင့်နေးခြင်း။ ပြတ်ကျချင်း။ ထစ်ချင်း စတဲ့ interferences တွေကို clear လုပ်နိုင်မှာဖြစ်ပါတယ်။ QoS အပိုင်းကတော့ Network Engineering အပိုင်းမှာလေ့လာမှာဖြစ်ပါတယ်။ Elastix သင်ခန်းစာမှာတော့ မိမိ ရဲ့ Telephone System မှာလိုင်းမကောင်းတာတို့၊ ထစ်တာ ၊ နှေးတာတွေဖြစ်လာပြီ ဆိုရင် Bandwidth နဲ့ QoS ကျုသာ အထိက Troubleshoot လုပ်ပါလို့ အကြမ်းမျဉ်းမှတ်ထားပေးပါ။
စာရေးသူ ရဲ့ရုံးမှာတော့ ISDN အစား MegaPOP လို့ခေါ်တဲ့ Fibre Communication ပေါ်ကနေ တိုက်ရိုက်ချိတ်တာမို့ ပိုပြီးလွယ်ကူ စွာချိတ်ဆက်အသုံးပြုနိုင်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် VoIP ကိုလေ့လာရင် ISDN ကိုလည်း ကျေညက်ဖို့ လိုတာမို့ အသေးစိတ်ရှင်းပြပေးထားခဲ့ပါတယ်။ ISDN ကို နားလည်ရင် တခြားဟာတွေက မခက်တော့ပါဘူး။
What is the different between BRI & PRI?
2. INITIAL PREPARATION AND PLANNING
Elastix PBX server ကို setup မလုပ်ခင်ပထမဆုံး သူ့နဲ့ ပက်သက်တဲ့ Module Interface တွေနဲ့ Default Password တွေကို ရင်းနှီးကျွမ်းဝင်အောင်အရင်လုပ်ထားသင့်ပါတယ်။ အကြမ်းမျဉ်းကို ဇယားမှာဖော်ပြထား ပါတယ်။ အခြား Password တွေကိုတော့ /etc/amportal.conf ဖိုင်အောက်မှာ ရှာဖွေနိုင်ပါတယ်။
MAP YOUR REQUIREMENTS
ဒီ Lesson မှာတော့ ကျွန်တော်လက်ရှိ Manage လုပ်နေတဲ့ ရုံးက PBX server ကိုအခြေခံ ပြီးပြောသွားပါ့မယ်။ စာဖတ်သူအနေနဲ့တော့ ကိုယ့်မှာရှိတဲ့ Hardware/Software Resources တွေပေါ်မှာ မူတည်ပြီး လေ့လာသွားလို့ရပါတယ်။ ဥပမာ VoIP hardware phone မရှိလည်း Softphone တွေသုံး၊ Switch တွေ၊ Network Port တွေမလောက်ဘူး ဆိုလည်း Virtualization Switch တွေအစားထိုးသုံးစွဲလို့ ရပါတယ်။ အဓိက concept ကိုသာပိုင်အောင်လေ့လာပါ။ အခြေခံအားဖြင့်
2 SIP extension using a Yealink T46G VoIP phone
2 extension using Softphone (we will use these 2 extension for initial testing)
2 VoIP service providers
IVR and MOH
A number of customised voice prompts and announcements
ဖော်ပြပါ Services တွေကို Setup လုပ်ပြီးပြီဆိုရင် နောက်သင်္ခန်းစာတွေမှာ အောက်က setting တွေကိုပါလိုသလို ပြောင်းလဲ ကြည့်ကြတာပေါ့. အကယ်ရွေ့ လိုအပ်တဲ့ resources တွေ အားလုံးပြည့်စုံမယ် ဆိုရင်ပေါ့။
Time conditions
Ring groups
Follow me
Conference facility
DISA etc
2.1 PLAN YOUR SECURITY
အခြားသော SERVER များနည်းတူ PBX server မှာလည်း Security ကအရေးအကြီးဆုံးအပိုင်းမှာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ PBX Server ကို Pubic ကို Expose မလုပ်ခင် Security ကိုအလုံးခြုံဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့အထူးပဲလိုအပ်ပါတယ်။ အောက်မှာတော့ အခြေခံလိုအပ်တဲ့ SIP Security နဲ့ပက်သက် တာတွေကိုဖော်ပြထားပါတယ်။
1) Don’t accept SIP authentication requests from all IP addresses. Use the
“permit=” and “deny=” lines in sip.conf to only allow a reasonable subset of IP
addresses to reach each listed extension/user in your sip.conf file. Even if you
accept inbound calls from “anywhere” (via [default]) don’t let those users reach
authenticated elements!
2) Set “alwaysauthreject=yes” in your sip_general_additional.conf file. This
should have already been set to “yes”, if not you will need to set it to “yes”. This
option has been around for a while (since 1.2?) but the default is “no”, which
allows extension information leakage. Setting this to “yes” will reject bad
authentication requests on valid usernames with the same rejection information
as with invalid usernames, denying remote attackers the ability to detect existing
extensions with brute-force guessing attacks. While you are editing
sip_general_additional.conf, add the following line as well “allowguest=no”
without the quote marks offcourse.
3) Use STRONG passwords for SIP entities. This is probably the most important
step you can take. Don’t just concatenate two words together and suffix it with
“1″ - if you’ve seen how sophisticated the tools are that guess passwords, you’d
understand that trivial obfuscation like that is a minor hindrance to a modern
CPU. Use symbols, numbers, and a mix of upper and lowercase letters at least
12 digits long.
4) Block your AMI manager ports. Use “permit=” and “deny=” lines in
manager.conf to reduce inbound connections to known hosts only. Use strong
passwords here, again at least 12 characters with a complex mix of symbols,
numbers, and letters.
5) Allow only one or two calls at a time per SIP entity, where possible. At the
worst, limiting your exposure to toll fraud is a wise thing to do. This also limits
your exposure when legitimate password holders on your system lose control of
their passphrase - writing it on the bottom of the SIP phone, for instance, which
I’ve seen.
6) Make your SIP usernames different than your extensions. While it is
convenient to have extension “1234″ map to SIP entry “1234″ which is also SIP
user “1234″, this is an easy target for attackers to guess SIP authentication
names. Use the MAC address of the device, or some sort of combination of a
common phrase + extension MD5 hash (example: from a shell prompt, try “md5 -
s ThePassword5000″)
7) Ensure your [default] context is secure. Don’t allow unauthenticated callers to
reach any contexts that allow toll calls. Permit only a limited number of active
calls through your default context (use the “GROUP” function as a counter.)
Prohibit unauthenticated calls entirely (if you don’t want them) by setting
“allowguest=no” in the [general] part of sip.conf.
အထက်ပါ အချက် ၇ ချက် က မိမိတို့ ရဲ့ Elastix server တစ်ခုမှာ အနည်းဆုံးလိုအပ်တဲ့ အခြေခံ အချက်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ SIP attacker တွေဟာ မျိုးစုံသော Tools တွေကို အသုံးပြုပြီး တိုက်ခိုက် တတ်တာမို့ ပိုပြီး အဆင့်မြင့်တဲ့ နည်းလမ်းတွေကိုအမြဲတမ်းလေ့လာပြီး Apply လုပ်ပါလို့ အကြံပြု ချင်ပါတယ်။
3. Installation
3.1 Basic Requirement for installation
Install မလုပ်ခင် ကျွန်တော်တို့လိုအပ်တွေအရင် Prepare လုပ်ကြတာပေါ့..
A PC or Server ( စာရေးသူအနေနဲ့ Recommend လုပ်ချင်တာကတော့ Install Elastix on VMware ပါပဲ။ VMWare မသုံးချင်လည်း အခြားသော Virtulization platform တွေဖြစ်တဲ့..
- Microsoft Hyper-V
- Citrix Xen Hybervisor
- Oracle VM Server
- Linux VServer စသည်ဖြင့် ကိုယ်ကြိုက်တဲ့ Hypervisor Software ကိုသုံးနိုင်ပါတယ်။
Self Training ပဲဖြစ်ဖြစ် Production အတွက်ပဲဖြစ်ဖြစ် စပြီး Install လုပ်မယ်ဆိုကတည်းက VM ပေါ်မှာပဲ လုပ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့…
- Cost Saving ( Software mostly Free, No needs extra hardware)
- Reduced Administration burden
- Centralized console allows quicker access to servers
- You can quickly mount CD/DVDs using ISO files
- You can deploy servers quicker
- Quickly allocate additional RAM or disk drives
- Quickly move virtual servers from one server to another in case of failure or require updates, maintenance
- Faster Server deployment
- Reduced Infrastructure Cost ( Switches, Router, VM-PC စတာတွေကို Hypervisor Host တစ်လုံးတည်းမှာတင် အကုန် Setup လုပ်နိုင်ချင်း)
- Quickly backup/restore the VM ( ကိုယ်က Test လုပ်ချင်တာပဲဖြစ်ဖြစ်၊ Upgarde လုပ်ချင်တာပဲဖြစ်ဖြစ် လက်ရှိ Up and Running ဖြစ်နေတဲ့ Server ကို Snapshot သို့မဟုတ် Clone လုပ်ပြီး အလွယ်တကူ Backup လုပ်နိုင်ခြင်း)
- စသည်တို့အပြင် များစွာသောကောင်းကျိုးများရရှိစေမှာဖြစ်ပါတယ်။
ကဲ Insatllation အတွက်အနည်းဆုံးလိုအပ်တာတွေကတော့
- PC or Server ( i3 Processor, 4 GB RAM, 120 GB) လောက်ဆို တော်တော်လေးလုံလောက်နေပါပြီ
- Free ESXi hypervisor ISO, download from vmware (or Any other Virtualization software)
- Elastix 2.4 Stable ISO, download from https://www.elastix.org
- VoIP hardware phone Yealink-T46G (Optional)
- Internet (Optional for local test environment)
- VoIP Gateway ( ဒီသင်ခန်းစာမှာတော့ SIP Gateway ကိုပဲ အဓိက ဦးတည်ပြီး ပြောသွားပါ့မယ်)
ဘာမှမရှိလည်း အနည်းဆုံး ကိုယ်ပိုင် Laptop/ Desktop လေး တစ်လုံးရှိရင်ကို စတင်လေ့လာလို့ရပါတယ်။
VMware Player (free) လေးတင်ပြီးတော့ တော်တော်များများစမ်းလို့ရပါတယ်။
3.2 Initial Installation
ဒီသင်ခန်းစာကို လေ့လာနေသူ တော်တော်များများ VM တစ်လုံးကို ISO image ကနေ install လုပ်တတ်မယ်လို့ ယူဆတဲ့ အတွက် အသေးစိတ်တော့ မရေးပြတော့ပါဘူး။ အကယ်ရွေ့ မသိသေးသူများရှိရင်တော့ ဟောဒီ လင့် ကနေ နမူနာကြည့်ပြီး လုပ်လိုက်ပါ။ လွယ်ပါတယ်။
ကဲ အားလုံးအဆင်သင့်ဖြစ်ရင် Elastix 2.4 ကိုစပြီး Install လုပ်ကြတာပေါ့။
Root Password နဲ့ တခြား Password တွေအားလုံးကို တူတူ ပဲပေးလိုက်ပါ။ အကယ်ရွေ့ ပိုပြီး လုံခြုံအောင်ဆိုရင်တော့ Service တစ်ခုချင်းစီမှာ မတူတဲ့ Password တွေပေးလို့ရပါတယ် ကျွန်တော်တော့မှတ်လို့လွယ်အောင်လို့ အားလုံးတူတူပဲပေးထားပါတယ်။ အောက်မှာလေ့လာကြည့်ပါ။
- Setup from ISO
- Configure IP Setting and DNS
ကဲ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ Initial setup ပထမအဆင့် ပြီးဆုံးပြီလို့ ပြောလို့ရပါတယ်။ ကိုယ်ပေးခဲ့တဲ့ root password နဲ့ဝင်လိုက်ပါ။ Network က DHCP နဲ့ဆိုရင်တော့ Elastix server ရဲ့ IP address ကိုတွေ့ရပါလိမ့်မယ်။
မိမိရဲ့ computer browser ကနေ https://192.168.200.199 ကိုခေါ်လိုက်တာနဲ့ Elastix WebUI interface Login Page ပေါ်လာလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်တော့ တို့ Elastix IP/PBX Server ကိုစတင်ပြီး လိုအပ်တဲ့ Configuration တွေလုပ်နိုင်ပါပြီ။
4. SETUP-ELASTIX
စာဖတ်သူ ရဲ့ကွန်ပျူတာ Browser ကိုအသုံးပြုပြီး Https://<your-elastix-server-ipaddress> (e.g. https://192.168.200.199) ကို ရိုက်ပြီး Enter လုပ်လိုက်တာနဲ့ Elastix login page ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ username: admin password:install လုပ်တုန်းကပေးထားတဲ့ password ကိုရိုက်ပြီးဝင်လိုက်ပါ။
ပြီးတာနဲ့ Elastix System Status Screen ပေါ်လာပါလိမ့်မယ်။ ဒီ Page ဟာ Elastix ရဲ့ Control Centre page ပဲဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
ဒီ Control Centre Screen ကနေ မိမိ Server မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ Hardware အရင်းအမြစ်တွေကို ချက်ခြင်း သိရှိနိုင်ပါတယ်။
ခု ကျွန်တော်တို့ Elastix Server လည်း install လုပ်ပြီးသွားပြီ။ သူ့ရဲ့ Control Centre နဲ့ Feature တွေကိုလဲမြင်နေရပြီဆိုတော့ Telephone တွေဘာတွေစခေါ်လို့ရပြီလား?
ဘယ်ရဦးမလဲ။ ကျွန်တော်တို့ အခုမှ အခွံကြီးပဲပြီးသေးတာ။ Users တွေအသုံးပြုဖို့ အတွက်ကတစ်ခုချင်း
လိုအပ်တဲ့ service တွေတစ်ခုပြီးတစ်ခု တင်ရဦးမှာပေါ့။ ဒီသင်ခန်းစာမှာတော့ အခြေခံ လိုအပ်တဲ့ Services တွေကိုပဲအဓိကထားပြီးရေးသားသွားပါ့မယ်။ နောက်ကိုယ်ကျွမ်းကျင်လာပြီဆိုရင်တော့ တဆင့်ပြီးတဆင့် ဆက်လက်လေ့လာသွားကြပါလို့တိုက်တွန်းလိုပါတယ်။
TDM410 installation
Enable Virtulization Features and VT-d in BIOS
Then ESXi\Configuration\Advanced Settings\Configure Passthrough
After reboot the host
In the VM\Add new hardware
TO FIX tdm410 elastix 0 kernel panic not syncing fatal exception ERROR
This is a known issue. There is an updated dahdi module that fixes the issue, but it has not yet been included in the Elastix ISO. You can try using GRUB to boot into runlevel 1 (to avoid loading the faulty dahdi), then manually start the network with "service network start", then use yum update to get the updated dahdi modules. After yum updates the kernel modules, you should be able to boot the system normally.
|
Can you answer some of the questions below? I will start looking into the issue while I await your reply.
1. Are you experiencing severe weather at the site?
2. What type of phone do you have? (Analog phone will not have MAC address)
3. What are the last 4 characters of the MAC address of the phone?
4. How are you dialing? Dial Pattern/String?
5. What is the exact number you are dialing or the number of the phone calling you?
6. What is the phone number on the line you are calling/receiving from?
7. Please describe the voice quality in detail.
a. Is it choppy?
b. Is there echo?
c. Hissing?
d. Static?
8. If echo does it happen with the speakerphone and the handset?
9. In which direction is the poor voice quality heard? (inbound or outbound)
10. Do you hear poor quality (echo, choppiness, etc.) or does the remote phone, or both?
11. Is this happening from one phone or all phones that you know of?
12. When was the last time you were able to call this number successfully without problems?
13. Has anything changed that you know of since then?
14. Does this problem happen every time you call this number or intermittently?
15. Does it only seem to happen when calling certain countries or area codes?
16. Can you make calls to other numbers with good quality?
17. Does it seem to happen during a certain time of the day?